မြန်မာleague ပထမအကျော့နောက်ဆုံးပွဲစဉ်မှာ ဧရာဝတီတိုင်းကိုယ်စားပြု delta ယူနိုက်တက်က မကွေးfc ကို 5-1 နဲ့ နိုင်ပြီး league ကိုဦးဆောင်နေပါတယ် မြန်မာအချင်းချင်း ကြံဖန် ချီးကျူးရရင်တော့ မြန်မာပြည်မှာလုပ်တဲ့ပွဲမှာ ဦးခင်မောင်ကြိုင် ဦးတင်မြင့်အောင် ဦးဆန်းဝင်း စတဲ့မြန်မာနည်းပြတွေ ဦးဆောင်တဲ့ delta ယူနိုက်တက် က နိုင်ငံခြားသားနည်းပြတွေ ရှိတဲ့အသင်းတွေကို နာတဖျားသာနေတာ ပါပဲ ပြီးတော့ ဦးအေးမောင်ကြီးရဲ့ မြန်မာကစားသမားတွေချည်း ပါတဲ့ ကမ္ဘောဇfc က အဆင့် ၃ မှာဆိုတော့ ကျေနပ်စရာပါ ဒါတောင် အသင်းခေါင်းဆောင် စိုးမြတ်မင်း ဒဏ်ရာ ကြောင့် မကစားနိုင်သေး လို့ ဆိုတော့ မဆိုးဘူးလို့ပြောရမှာပါ နောက် ဦးတင်ဟန် ဦးကြည်လွင်တို့ရဲ့ မကွေး fc ကလဲ မနစ်ကပွဲမှာ ခြေ၅စွမ်းပြနိုင်ခဲ့ပြီး ခုလောလောဆယ် အဆင့် ၅ရထားပါတယ် ကျနော် အားပေးတဲ့ အသင်းက မြန်မာနည်းပြ မြန်မာကစားသမား တွေပဲပါတဲ့ ကမ္ဘောဇfc ပါ နောက်တကျော့ပွဲစဉ်တွေ စောင့်ကြည့် ကြတာပေါ့ ။
picture from www.soccermyanmar.com
No comments:
Post a Comment