Sunday, October 11, 2009

chelsea ကိုသနားတယ်

ခုတလော မြန်မာပြည်မှာလဲဘောလုံးပွဲနဲ့တွေလှုပ်လှုပ်ရှားဖြစ်နေပါသဗျ ဘောလုံးအကြောင်း နကန်းတလုံးမသိပါဆိုတဲ့ လူရဲ့အသင်းက ပထမဆုံးleague မှာဗိုလ်စွဲသွားပါတယ် တလောက ဘောလုံးအဖွဲ့ဥက္ကဌကြီး မလွှဲသာမရှောင်သာတာဝင်ယူထားရတဲ့ အသင်းနဲ့ သူ့အသင်းဆုံကြတဲ့ပွဲမှာ ဒိုင်လူကြီးတွေဘက်လိုက်ပါတယ်ဆိုပြီး ဒိုင်လူကြီးတွေရော ဥက္ကဌကြီးကိုပါသူ့အသင်းအားပေးသူတွေက ပယ်ပယ်နယ်နယ်ဝိုင်း ကောင်းချီးပေးလိုက်တာ နောက်ဆုံးဥက္ကဌကြီး ခမျာ သူ့အသင်းကိုတခြားတယောက်ကိုရက်ရက်ရောရောလွှဲပေးလိုက်ရပါရောလား ပွဲတပွဲနိုင်တိုင်း ကစားသမားတွေကို ဟိုတယ်မှာ ညစာကျွေး သိန်းရာချီဆုချ တဲ့ အသင်းလဲရှိသဗျ ရှုံးတာတောင် ဆုချ တဲ့ အသင်းလဲရှိသဗျ ခုတော့ဖိအားဒဏ်တွေကိုမခံနိုင်လို့ပွဲတိုင်းလိုလိုရှုံးပြီး အဲဒီအသင်း ရေတိမ်နစ်နေပါပြီ ကမ္ဘာ့အသက်အငယ်ဆုံးဘောလုံးအသင်းဥက္ကဌ ရဲ့အသင်းပေါ့ သူ့အသင်းကိုအားပေးတဲ့ သူတွေကို ထမင်းလဲ ကျွေး ဂျာစီလဲပေး ရထားခလည်းခံ တဖက်ပရိတ်သတ်က ခဲနဲ့ပေါက်လို့ဒဏ်ရာရရင်လဲ ဆေးဖိုးဝါးခပေးသဗျ ရက်ရောသဗျာ အံ့ရော
 ...ရာသီပြီးလို့နားချိန်ဆိုရင်လဲကစားသမားတွေကိုအပမ်းဖြေခရီးတွေအသင်းစရိတ်နဲ့ပို့ပေးသေးသဗျ ကစားသမားတွေရဲ့လစာကလဲ ဗိုလ်ချုပ်ကြီးရဲ့လစာနီးနီး ဗျ ကမ္ဘာဘောလုံးလောကမှာ ငွေသုံးနိုင်ပါတဲဆိုတဲ့chelseaအသင်းရဲ့သူဌေးကိုတောင်သနားတယ်ပြောရမလားပဲ မြန်မာ့ဘောလုံးလောကမှာခေတ်ပျက်သူဌေးတွေ ကျက်စားနေပုံပြောပါတယ် ဘာပဲပြောပြောကိုကဘောသမားဆိုတော့ ဂွဒ်တယ်ထင်ဒူးသာဒူးဗျို့ လို့ပဲ ပြောရမှာပဲ အသေးစိတ်သိချင်ရင်တော့ www.soccermyanmar.com မှာသွားဖတ်ကြဗျား။

No comments: