မြန်မာleague ပထမအကျော့နောက်ဆုံးပွဲစဉ်မှာ ဧရာဝတီတိုင်းကိုယ်စားပြု delta ယူနိုက်တက်က မကွေးfc ကို 5-1 နဲ့ နိုင်ပြီး league ကိုဦးဆောင်နေပါတယ် မြန်မာအချင်းချင်း ကြံဖန် ချီးကျူးရရင်တော့ မြန်မာပြည်မှာလုပ်တဲ့ပွဲမှာ ဦးခင်မောင်ကြိုင် ဦးတင်မြင့်အောင် ဦးဆန်းဝင်း စတဲ့မြန်မာနည်းပြတွေ ဦးဆောင်တဲ့ delta ယူနိုက်တက် က နိုင်ငံခြားသားနည်းပြတွေ ရှိတဲ့အသင်းတွေကို နာတဖျားသာနေတာ ပါပဲ ပြီးတော့ ဦးအေးမောင်ကြီးရဲ့ မြန်မာကစားသမားတွေချည်း ပါတဲ့ ကမ္ဘောဇfc က အဆင့် ၃ မှာဆိုတော့ ကျေနပ်စရာပါ ဒါတောင် အသင်းခေါင်းဆောင် စိုးမြတ်မင်း ဒဏ်ရာ ကြောင့် မကစားနိုင်သေး လို့ ဆိုတော့ မဆိုးဘူးလို့ပြောရမှာပါ နောက် ဦးတင်ဟန် ဦးကြည်လွင်တို့ရဲ့ မကွေး fc ကလဲ မနစ်ကပွဲမှာ ခြေ၅စွမ်းပြနိုင်ခဲ့ပြီး ခုလောလောဆယ် အဆင့် ၅ရထားပါတယ် ကျနော် အားပေးတဲ့ အသင်းက မြန်မာနည်းပြ မြန်မာကစားသမား တွေပဲပါတဲ့ ကမ္ဘောဇfc ပါ နောက်တကျော့ပွဲစဉ်တွေ စောင့်ကြည့် ကြတာပေါ့ ။
picture from www.soccermyanmar.com
Monday, October 12, 2009
Sunday, October 11, 2009
ဘာခုမှကြောက်ပါပြီ လဲ
ဆန်းဒါးလန်းနဲ့ပွဲမှာ သရေကျ၍ဒေါသဖြစ်ပြီး ဒိုင်လူကြီး အလန်ဝီလီ ကိုဝေဖန်ခဲ့ဖာဂူဆန်က သူကအလန်ဝီလီကိုအသုံးမကျသော ဘက်လိုက်သော ဒိုင်ဟုပြောခဲ့ခြင်း မဟုတ်ကြောင်း ပြိုင်ပွဲ၏လိုအပ်သောကြံ့ ခိုင်မှူ မရှိဟု သာပြောခဲ့ခြင်း ဖြစ်ကြောင်း အလန်ဝီလီကိုသူအမြဲလေးစားပါကြောင်း ပြည်ပခရီးမှပြန်ရောက်လျင် ကိုယ်တိုင်ကိုယ်ကျဆက်သွယ်တောင်းပန်မည် ဖြစ်ကြောင်း.. ကြောင်း............
chelsea ကိုသနားတယ်
ခုတလော မြန်မာပြည်မှာလဲဘောလုံးပွဲနဲ့တွေလှုပ်လှုပ်ရှားဖြစ်နေပါသဗျ ဘောလုံးအကြောင်း နကန်းတလုံးမသိပါဆိုတဲ့ လူရဲ့အသင်းက ပထမဆုံးleague မှာဗိုလ်စွဲသွားပါတယ် တလောက ဘောလုံးအဖွဲ့ဥက္ကဌကြီး မလွှဲသာမရှောင်သာတာဝင်ယူထားရတဲ့ အသင်းနဲ့ သူ့အသင်းဆုံကြတဲ့ပွဲမှာ ဒိုင်လူကြီးတွေဘက်လိုက်ပါတယ်ဆိုပြီး ဒိုင်လူကြီးတွေရော ဥက္ကဌကြီးကိုပါသူ့အသင်းအားပေးသူတွေက ပယ်ပယ်နယ်နယ်ဝိုင်း ကောင်းချီးပေးလိုက်တာ နောက်ဆုံးဥက္ကဌကြီး ခမျာ သူ့အသင်းကိုတခြားတယောက်ကိုရက်ရက်ရောရောလွှဲပေးလိုက်ရပါရောလား ပွဲတပွဲနိုင်တိုင်း ကစားသမားတွေကို ဟိုတယ်မှာ ညစာကျွေး သိန်းရာချီဆုချ တဲ့ အသင်းလဲရှိသဗျ ရှုံးတာတောင် ဆုချ တဲ့ အသင်းလဲရှိသဗျ ခုတော့ဖိအားဒဏ်တွေကိုမခံနိုင်လို့ပွဲတိုင်းလိုလိုရှုံးပြီး အဲဒီအသင်း ရေတိမ်နစ်နေပါပြီ ကမ္ဘာ့အသက်အငယ်ဆုံးဘောလုံးအသင်းဥက္ကဌ ရဲ့အသင်းပေါ့ သူ့အသင်းကိုအားပေးတဲ့ သူတွေကို ထမင်းလဲ ကျွေး ဂျာစီလဲပေး ရထားခလည်းခံ တဖက်ပရိတ်သတ်က ခဲနဲ့ပေါက်လို့ဒဏ်ရာရရင်လဲ ဆေးဖိုးဝါးခပေးသဗျ ရက်ရောသဗျာ အံ့ရော
...ရာသီပြီးလို့နားချိန်ဆိုရင်လဲကစားသမားတွေကိုအပမ်းဖြေခရီးတွေအသင်းစရိတ်နဲ့ပို့ပေးသေးသဗျ ကစားသမားတွေရဲ့လစာကလဲ ဗိုလ်ချုပ်ကြီးရဲ့လစာနီးနီး ဗျ ကမ္ဘာဘောလုံးလောကမှာ ငွေသုံးနိုင်ပါတဲဆိုတဲ့chelseaအသင်းရဲ့သူဌေးကိုတောင်သနားတယ်ပြောရမလားပဲ မြန်မာ့ဘောလုံးလောကမှာခေတ်ပျက်သူဌေးတွေ ကျက်စားနေပုံပြောပါတယ် ဘာပဲပြောပြောကိုကဘောသမားဆိုတော့ ဂွဒ်တယ်ထင်ဒူးသာဒူးဗျို့ လို့ပဲ ပြောရမှာပဲ အသေးစိတ်သိချင်ရင်တော့ www.soccermyanmar.com မှာသွားဖတ်ကြဗျား။
...ရာသီပြီးလို့နားချိန်ဆိုရင်လဲကစားသမားတွေကိုအပမ်းဖြေခရီးတွေအသင်းစရိတ်နဲ့ပို့ပေးသေးသဗျ ကစားသမားတွေရဲ့လစာကလဲ ဗိုလ်ချုပ်ကြီးရဲ့လစာနီးနီး ဗျ ကမ္ဘာဘောလုံးလောကမှာ ငွေသုံးနိုင်ပါတဲဆိုတဲ့chelseaအသင်းရဲ့သူဌေးကိုတောင်သနားတယ်ပြောရမလားပဲ မြန်မာ့ဘောလုံးလောကမှာခေတ်ပျက်သူဌေးတွေ ကျက်စားနေပုံပြောပါတယ် ဘာပဲပြောပြောကိုကဘောသမားဆိုတော့ ဂွဒ်တယ်ထင်ဒူးသာဒူးဗျို့ လို့ပဲ ပြောရမှာပဲ အသေးစိတ်သိချင်ရင်တော့ www.soccermyanmar.com မှာသွားဖတ်ကြဗျား။